ခမောက်ကြီးမြို့တွင် အသက် ၅ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းနှင့် မိခင်နှင့်ကလေးကျန်းမာ‌ရေးပညာပေးခြင်း ဆောင်ရွက်

ခမောက်ကြီး စက်တင်ဘာ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အသက် ၅ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီက ခမောက်ကြီးမြို့ (၃၈) ယုဇနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ခမောက်ကြီးမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဘက်စုံသားဖွားဆရာမဒေါ်ခိုင်ယမင်းပွင့်ကခမောက်ကြီးမြို့ဘက်စုံသားဖွားဆရာမဒေါ်ခိုင်ယမင်းပွင့်ကခမောက်ကြီးမြို့ (၃၈) ယုဇနအတွင်းမှ လာရောက်ကြသူကလေးငယ်များ၏ အသက်အရွယ်အပိုင်းအခြားအလိုက် ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ (ဘီ) ပိုးကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ မေးခိုင်၊ ဆုံဆို့၊ ကြက်ညှာ၊ ဂျိုက်သိုး၊ ဝက်သက်၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးပြီး၊ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေး၊ ကုသမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)