သရက်ချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ငွေ ပေးအပ်

သရက်ချောင်း စက်တင်ဘာ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်‌ငွေ ပေးအပ်ရာ စက်တင်ဘာ ၄ ရက်နေ့ နံနက် ၁၀ နာရီက သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အသက်ကြီးဘိုးဘွားများနှင့် ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်သည့် ဘိုးဘွားများက ကိုယ်စားလှယ်များဖြင့် လာရောက်ထုတ်ယူလျက်ရှိသည်။

ထို့သို့လူမှုရေးပင်စင်‌ငွေများထုတ်ပေးရာတွင် သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက လူမှုရေးပင်စင်‌ငွေလာရောက်ထုတ်ယူသည့် အသက်ကြီးဘိုးဘွားများနှင့် ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်သည့် ဘိုးဘွားများ၏ ကိုယ်စားလှယ်များအား လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေ ထုတ်ယူရာတွင် လိုအပ်သည်များကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်စန်းစန်းသက်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လူမှုရေးပင်စင်အကျိုးခံစားခွင့်ရရှိသည့် အဘိုး၊ အဘွား ၈၆ ဦးတို့အတွက် တစ်ဦးလျှင် ၁၀၀၀၀ ကျပ်ဖြင့် ၆ လစာ ၆၀၀၀၀ကျပ် နှုန်းစီအား စည်းကမ်းချက်များနှင့်အညီ စနစ်တကျထုတ်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)