ကော့ကရိတ် စက်တင်ဘာ ၄
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကော့ကရိတ်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခွဲကကျင်းပရာ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ ကျောင်းသူ ၂၀၀ခန့် တက်ရောက်ကြကြောင်း သိရသည်။
အခမ်းအနားကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ Grade-7 နှင့် Grade-8 ကျောင်းသူလေးများက Fitness Dance အကဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ၊ အနော်ရထားအသင်း ၅သင်းမှ အမျိုးသားဖလားဒိုင်းဆုရရှိသော ကျန်စစ်သားအသင်းကိုလည်းကောင်း၊ အမျိုးသမီးဖလားဒိုင်းဆုရရှိသော အလောင်းဘုရားအသင်းကိုလည်းကောင်း၊ တစ်ဦးချင်းအလိုက် အကောင်းဆုံးကစားသမားဆုရရှိသူ ကျောင်းသား/ ကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ပြီးနောက် အ.ထ.က-၂ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိမွန်က ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ဖြစ်မြောက်စေရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသော သက်ဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)