ကော့သောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာသန့်ရှင်း‌‌သော‌‌ လေထုနေ့အထိမ်းအမှတ် အသိပညာပေး 

ကော့သောင်း  စက်တင်ဘာ

၂၀၂၅ခုနှစ် စက်တင်ဘာ၇ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသန့်ရှင်း‌‌သော‌‌ လေထုနေ့(International Day of Clean Air For Blue Skies) အထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများကလေထုအရည်အသွေးကောင်းမွန်ဖို့ အရှိန်မြှင့်တင်ဆောင်ရွက်စို့ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့ အမှတ်()‌ အခြေခံပညာ အထက်တန်းကျောင်း မြတ်ရတနာခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးပြည်ဟိန်းကျော်က အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများအားပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။ ယင်းနောက်  ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းထွန်းက အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ ဖြစ်ပေါ်လာပုံ၊ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ လေထုညစ်ညမ်းစေသည့် အရင်းအမြစ်များ၊ လေထုညစ်ညမ်းခြင်း၏ ဆိုးကျိုးသက်ရောက်မှုများ၊ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်မည့်နည်းလမ်းများအကြောင်း အသိပညာပေးဟောပြောကာ အသိပညာပေး ဗီဒီယိုကို ပြသသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များမေးမြန်း၍ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)