သာယာဝတီ စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို စာစီစာကုံး၊ ကျပန်းစကားပြော၊ စာဖတ်စွမ်းရည်၊ ပုံပြင်ပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများကို အ.ထ.က-သုံးဆယ်ကျောင်း၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ထိုသို့ ပြိုင်ပွဲများကျင်းပရာတွင် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် (၂၅)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်(၁၇)ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် (၂၀)ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် (၂၅)ဦး၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် (၃၀)ဦး၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲတွင် (၃၁)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၄၈)ဦး ဝင်ရောက်ယှဥ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲများအား တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမီူး ဦးစိုးပိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)