ပေါက်ခေါင်း စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မိုးသီးနှံတစ်မျိုးဖြစ်သော မိုးမြေပဲကို ၁၅၃၄၃ ဧက စိုက်ပျိုးခဲ့ရာ ၃၅၁၅ ဧက ရိတ်သိမ်းပြီးဖြစ်၍ ၂၅၀၀၉၂ တင်းထွက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သောမိုးမြေပဲကို စိုက်ပျိုးရေးဦးစီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ဧကပေါင်း ၁၅၃၄၃ ဧကလျာထားစိုက်ပျိုးပြီးစီးပြီဖြစ်၍ ၃၅၁၅ ဧကကိုရိတ်သိမ်းခဲ့ရာ ၂၅၀၀၉၂ တင်းထွက်ရှိ၍ ယခင်နှစ်ကထက် အထွက်နှုန်းကောင်းမွန်ကြောင်း ဝက်တိုးကျေးရွာမှ မြေပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
မိုးမြေပဲ အထွက်နှုန်းကောင်းခြင်းဖြင့် ဒေသတွင်းစားသုံးဆီထုတ်လုပ်မှုပိုမိုအဆင်ပြေစေပြီး ထိုသို့အထွက်နှုန်းကောင်းမွန်သော မြေပဲမျိုးကောင်းမျိုးသန့်များရရှိရေးနှင့် မြေပဲစိုက်ပျိုးရာတွင် ထိရောက်လွယ်ကူအဆင်ပြေစေသော စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ အထူးအလေးပေးကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)