ပြည်မြို့နယ် သမဝါယမအသင်းသားတောင်သူများ၏ မိုးနှောင်းဝါသီးနှံစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပြည် စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် သမဝါယမအသင်းသားတောင်သူများ၏ မိုးနှောင်းဝါသီးနှံစိုက်ပျိုးထားရှိမှု အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြား‌ရေးမှူး ဒေါ်ဝင်းဝင်းအေး၊ သမဝါယမဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ပြည်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ ပြည်မြို့နယ်သမဝါယမအသင်းစုအစီအစဉ်ဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှင့်ညီမျှသော Raka 666(BT) မျိုးနှင့် သွင်းအားစုများ ပံ့ပိုးဆောင်ရွက်သည့် အခြေခံသမဝါယမအသင်းသားတောင်သူ(၅၆၅)ဦး၏ မိုးနှောင်းဝါသီးနှံစိုက်ပျိုးဧက ၂၇၀၀ အနက် အုတ်ဆွဲအုပ်စု ဝန်တင်ဆိပ်ကျေးရွာရှိ "ဝန်တင်ဆိပ်" စိုက်/ထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ၇၄ ဦး၏ စိုက်ဧက ၂၄၀ Raka 666(BT)မိုးနှောင်းဝါစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)