ရေတာရှည်မြို့နယ်၌ ၂၀၂၅ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ရေတာရှည် စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကျင်းပသည့် ၂၀၂၅ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့ နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွ ရေတာရှည်မြို့မဘောလုံးအသင်းနှင့် မြို့လှမြို့ဘောလုံးအသင်းတို့ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားကြရာ ရေတာရှည်မြို့အသင်းက ၈ ဂိုး ၇ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။

ထို့နောက် ကောင်းဆုံးအားကစားသမားဆုများ၊ ဒိုင်လူကြီးများအား ဂုဏ်ပြုဆုများကို ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆုချီးမြှင့်ပေးကြပြီးနောက် ပထမဆုရရှိသည့် ရေတာရှည်မြို့မဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့်ဒိုင်းဆုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းကချီးမြှင့်ပေးခဲ့ပြီး ဒုတိယဆုရရှိသည့် မြို့လှမြို့ဘောလုံးအသင်းသားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲဝင်-၁ ဗိုလ်မှူးသန့်ဇင်ဝေကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲသို့ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)