ပွင့်ဖြူ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု ဇီးကျွန်းကျေးရွာ၌ ဧရာဝတီမြစ်ရေ ဝင်ရောက်ခဲ့ပြီး ရွာတွင်းလမ်းများ ထိခိုက်ပျက်စီးမှုများကို ယမန်နေ့က စုပေါင်းပြုပြင်ကြကြောင်း သိရသည်။
လက်ရှိတွင် မြစ်ရေပြန်လည်ကျဆင်းသွားပြီဖြစ်၍ ကျေးရွာတွင်းလမ်းများအားလုံးကို သွားလာရေး အဆင်ပြေစေရေးကျေးရွာ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးက စေတနာအလှူရှင်များ၏ အလှူငွေများဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ စုပေါင်းပြုပြင်ကြခြင်းဖြစ်ကြောင်း ဒေသခံရပ်မိရပ်ဖတစ်ဦးက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် မြစ်ကမ်းဘေးတစ်လျှောက် ပေါက်ကုန်းကျေးရွာ၊ ဇီးကျွန်းကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာ၊ သံကိုင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ ငှက်တောကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာတို့၌ ဧရာဝတီမြစ်ရေမြင့်တက်ချိန်တွင် နှစ်စဉ် မြစ်ရေဝင်ရောက်မှုများ ကြုံတွေ့ရလေ့ရှိသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )