စလင်း စက်တင်ဘာ ၃
မကွေးတိုင်းတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို ဌာနဆိုင်ရာများအလိုက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီနှင့် ၁၀ နာရီအချိန်တို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ နှစ်ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်နှင့် အဖွဲ့ဝင်များတက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးစိုးလင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ထွေးတို့မှ မဲဆန္ဒရှင်ဝန်ထမ်းများအား မြန်မာ့အီလတ်ထရောနစ်မဲပေးစက်(MEVM)မဲပေးစက် အသုံးပြုပုံနည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း မဲဆန္ဒရှင်ပြည်သူများမှ မဲပေးစက်အသုံးပြု၍ မဲပေးပုံစနစ်များအား လေ့လာခဲ့ပြီး လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)