ဓနုဖြူ စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျေးရွာအုပ်စုများမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသည့် တောင်သူများအတွက် ဈေးနှုန်းသက်သာသောသွင်းအားစု ဓာတ်မြေဩဇာများဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က နိုင်ငံ့စီးပွား ရန်ပုံငွေနှင့်အကျုံးမဝင်သည့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ပို့ဆောင်ရောင်းချပေးလျက် ရှိပါကြောင်း၊ တောင်သူများအနေဖြင့် ပြင်ပပေါက်ဈေးနှုန်းများထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန် သီးနှံပေါ်ပေး (အကြွေး) စနစ်ဖြင့် တောင်သူများ အဆင်ပြေစေရန်ရည်ရွယ်ပြီး ဆောင်ရွက်ပေးပါကြောင်းနှင့် ဓာတ်မြေဩဇာများအသုံးပြုပြီး စပါးအထွက်နှုန်းတိုးပါက တောင်သူဦးကြီးများအဆင်ပြေမှာဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ချိုလွင်က လုပ်ငန်းအစီအစဉ်နှင့် စာချုပ်စည်းကမ်းများအား ရှင်းလင်းဆွေးနွေးပြေားကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးချစ်ဝင်းနိုင်မှ ဓာတ်မြေဩဇာ ဖြန့်ဖြူးခြင်းအစီအစဉ်အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဓာတ်မြေဩဇာသယ်ယူဖြန့်ဖြူးရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်း မရှိသော ကျေးရွာအုပ်စု(၆၃) အုပ်စုရှိ မိုးစပါးစိုက်ပျိုးတောင်သူများထံသို့ မြင်းပျံ ယူရီးယားဓာတ်မြေဩဇာ (၁၁၇၅၀) အိတ်နှင့် စွဲမက်ကွန်ပေါင်း (၁၃၇) အိတ်၊ အာမိုကွန်ပေါင်း (၂၅၀ဝ)အိတ်၊ GBS ကွန်ပေါင်း (၁၃၆) အိတ်၊ ရွှေမြေကွန်ပေါင်း (၂၂၂၇) အိတ်အား ဈေးနှုန်းသက်သာစွာဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)