ဆိပ်ဖြူ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက ၂၀၂၅ ခုနှစ် မိုးသီးနှံအတွက် ဆီထွက်သီးနှံ နေကြားစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းကြောင်း သိရှိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ စားသုံးဆီဖူလုံစွာရရှိရေးအတွက် ဆီထွက်သီးနှံ နေကြာကို မိုးသီးနှံအတွက် စိုက်ပျိုးရန် (၁၉၄၇) ဧက စိုက်ပျိုးဆောင်ရွက်နိုင်ရန် လျာထားဆောင်ရွက်ပြီး (၁၆၅၄) ဧက စိုက်ပျိုးဆောင်ရွက်ထားကြောင်း သိရသည်။ ဒေသခံတောင်သူများအနေဖြင့် အထွက်နှုန်းကောင်း၊ မျိုးကောင်း မျိုးသန့် ဆီထွက်သီးနှံ ရေဆင်းစပ်မျိုး(၁) နှင့် ဆင်းရွှေကြာ(၂) မျိုးများကိုစိုက်ပျိုးဆောင်ရွက်ထားရှိပြီး စိုက်ပျိုးသီးနှံအောင်မြင်ဖြစ်ထွန်းရေးအတွက် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရန် မြေပြင်ချိန်မှစတင်၍ စိုက်ပျိုးမြေပြုပြင်ခြင်း၊ သွင်အားစုမြေသြဇာ ထည့်သွင်းခြင်းနှင့် စိုက်ခင်းများပြုစုခြင်း စိုက်ပျိုးနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တာဝန်ရှိသူများထံမှ ရယူစိုက်ပျိုးဆောင်ရွက်ခဲ့သည့်အတွက် မိုးနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)