ဖျာပုံမြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာများသို့ မြေပြင်လူဦးရေစာရင်း မှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး

ဖျာပုံ စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်း စာရင်းစိစစ်မှုများအား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံစစ်ဆေးကြသည်။
အဆိုပါမြေပြင်လူဦးရေစာရင်းကွင်းဆင်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများက မြို့ပေါ် ရပ်ကွက်များတွင် အိမ်ထောင်စုအမှတ်စဥ်နှင့် မိသားစုအမှတ်စဥ်များကို နေရပ်လိပ်စာအတိုင်း၊ နေထိုင်ခြင်း ရှိ/မရှိ၊ စာရင်းပြုစုခြင်း၊ သေဆုံးစာရင်းများအတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိနေထိုင်သူများ စာရင်းပြုခြင်း၊ မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်းမရှိသူများ၊ အိမ်ထောင်စုစာရင်းမရှိသူများအားစိစစ်၍ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်တစ်ခုခု ရရှိစေရေးတို့ကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများအား ​ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့သည်။
ဖျာပုံမြို့နယ်တွင် အဆိုပါလူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်းစာရင်းစိစစ်မှုများအား နေ့ရက်အလိုက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ ဆက်လက်ကွင်း ဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)