လှိုင်းဘွဲ မဲဆန္ဒနယ်မြေအတွင်း မဲရုံ၁၄၉ရုံထားရှိ၍  မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထား

လှိုင်းဘွဲ  စက်တင်ဘာ ၃

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊လုပ်ငန်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပသည်။

အဆိုပါအသိပညာပေးဆွေးနွေးရာ၌ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကျော်သူ၊ အတွင်ရေးမှူး ဦးကျော်ကျော်ထွန်းတို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ ညွှန်ကြား ချက်များ၊ ပြည်ထောင်စုတစ်ဝန်းလုံး၌ နိုင်ရေးရေးပါတီများလျှောက်ထားမှုအခြေအနေ၊ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် သိသင့်သိထိုက်ကြရမည့်အချက်များ၊ မဲဆန္ဒရှင်အမည်စာရင်းကြေညာခြင်း၊   မဲဆန္ဒရှင်စာရင်းတွင်မဲပေးပိုင်ခွင့်မရှိသူပါရှိပါက ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဆောင်ရွက်ကြရမည့်လုပ်ငန်းများ၊ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအား စီစဉ်ဆောင်ရွက်ပေးရမည့်အချက်များ၊ MEVM စက်ကိုအသုံးပြုပြီး မဲဆန္ဒရှင်များ၏ မဲပေးနည်းများအကြောင်းကို  ရှင်းလင်းဆွေးနွေး သင်ကြားပို့ချသည်။

လှိုင်းဘွဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၇)စုအတွင်းရှိ လှိုင်းဘွဲမဲဆန္ဒနယ်မြေအတွင်း မဲရုံစုစုပေါင်း(၁၄၉)ရုံထားရှိ၍  မဲဆန္ဒရှင်ပြည်သူများ မဲပေးသွားနိုင်ရေးစီစဉ်ဆောင်ရွက်ထားလျက်ရှိကြောင်းသိရသည်။

စောဒိ(ပြန်/ဆက်)