စေတုတ္တရာမြို့နယ်၌ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပ

စေတုတ္တရာ စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဘောလုံးပြိုင်ပွဲ(ကျား/မ)၊  မီတာ ၁၀၀၊ ၂၀၀ အပြေးပြိုင်ပွဲ (ကျား/မ)၊ သံလုံးပစ်၊ သံပြားပစ်ပြိုင်ပွဲ(ကျား/မ)၊ အမြင့်ခုန်ပြိုင်ပွဲ(ကျား/မ)၊ ခြင်းခတ်ပြိုင်ပွဲများ ကျင်းပပေးပြုလုပ်ပေးခဲ့သည်။

အဆိုပါပြိုင်ပွဲများတွင်အနိုင်ရရှိသွားသော ကျောင်းသား/ကျောင်းသူများအား စက်တင်ဘာလ ၄ ရက်နေ့ မြို့နယ်အဆင့် အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)