ပန်းတောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ပန်းတောင်း စက်တင်ဘာ ၃

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားခွဲခြားတတ်စေရန်၊ အတွေးအမြင်များ ကျယ်ပြန့်လာစေရန်၊ မိမိတို့သိထားသောဗဟုသုတများကို အချင်းချင်းပြန်လည်မျှဝေတတ်စေရန်ရည်ရွယ်ကာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက် (၉) အချိန်က အ.မ.က (လွန်) ခတ္ထိယကျောင်းနှင့် အ.မ.က (လွန်) တမာကုန်းကျောင်းများသို့ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် activity များ လုပ်ဆောင်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးသူငယ်များ ဗဟုသုတရရှိစေရန် ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အလုပ်လုပ်ကိုင်နိုင်သော အနိမ့်ဆုံးအသက်အရွယ်၊ ပြစ်မှုပြစ်ဒဏ်များနှင့် ဆက်သွယ်တိုင်တန်းနိုင်သော ဖုန်းနံပါတ်များ စသည့်အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ကလေးသူငယ်များကို ဗဟုသုတရဖွယ်ပုံပြင်များ၊ စိတ်ကြည်လင်ရွှင်လန်းစေရန် ကိုယ်ကာယလှုပ်ရှားမှု activity များ လုပ်ဆောင်စေခဲ့ပြီး အလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့သည်။

လပြည့်လင်း (ပြန်/ဆက်)