ပန်းတောင်းမြို့နယ်၌ မင်းရပ်သိပ္ပံလမ်းအား ကွန်ကရစ်ဖြင့်လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်

ပန်းတောင်း စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် မင်းရပ်သိပ္ပံလမ်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ယူကာ ကွန်ကရစ်ဖြင့် လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ကွန်ကရစ်လမ်းချဲ့ခြင်းလုပ်ငန်းအား မြို့နယ်စျေးလမ်းဆုံမှပေါ်တော်မူဘုရားလမ်းထိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့်(၂×၁၄၆၀´×၆´×၈"လက်မထု)ခွင့်ပြုရန်ပုံငွေကျပ်(၁၀၅.၂၂၆)သန်းဖြင့် တာဝန်ယူကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

လပြည့်လင်း(ပြန်/ဆက်)