ပေါင်းတည်မြို့နယ်၌ တတိယအကြိမ်မြောက် စုပေါင်းမိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပေါင်းတည် စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နံနက် ၈ နာရီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် စိမ်းလန်းစိုပြေစေရေးတို့အတွက် တတိယအကြိမ်စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက စီမံကြီးကြပ်၍ ပေါင်းတည်မြို့အုပ်ဖို(၁)ရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကကြီးကြပ်၍ မြို့နယ်သစ်တောဦးစီးမှူးဦဇော်သင်းနှင့် ဝန်ထမ်းများက ဦးဆောင်ကာ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းကာ အင်အား ၇၀ ခန့်ဖြင့် ကျွန်း ၂၅၊ ပျဉ်ကတိုး ၅၀၊ မဟော်ဂနီ ၅၀၊ မအူ  ၅၀၊ ရေတမာ ၅၀နှင့် ကံကော် ၂၅ ပင်၊ စုစုပေါင်း သစ်မျိုးစုံပျိုးပင် ၂၅၀ တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

ရွှေသား(ပြန်/ဆက်)