နတ်မောက်မြို့နယ်တွင် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများအား စက်ယန္တရားများဖြင့်  တူးဖော်လျက်ရှိ

နတ်မောက် စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ရေကြီးရေလျှံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဈေးရပ်ကွက်၊ ဘုရင့်နောင်လမ်း ရေထွက်ပေါက်နှင့် ရေလမ်းကြောင်းတစ်လျှောက် မြေသားရေနုတ်မြောင်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက မိမိမြို့နယ်နိမိတ်အတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး၊ ရေညစ်ညမ်းမှုများကြောင့် ခြင်ပေါက်ပွားမှုများမဖြစ်ပေါ်စေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေတို့အတွက် ရေစီးရေလာကောင်းမွန်သည့်  မြေသားရေနုတ်မြောင်းများနှင့် အုတ်ရေမြောင်းတူးဖော်ခြင်းများ အလေးထားဆောင်ရွက်လျက်ရှိပြီး  ရေသွားလာမှုအား တိုးချဲ့ပိတ်ဆို့ထားမှုအပေါ် ဖယ်ရှား၍ ရေးစီးရေလာကောင်းမွန်သည့် မြေသားရေနုတ်မြောင်းများကို အဖွဲ့ပိုင်စက်ယန္တရားဖြင့်တူးဖော်ပြီး ရေပြွန်ထည့်သွင်းခြင်းလုပ်ငန်းများအား တာဝန်ခံအင်ဂျင်နီယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများမှ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

မူမူစန်း