ဘိုကလေးမြို့နယ်တွင် Green Zone ဖော်ဆောင်နိုင်ရေး ကွင်းဆင်းကြည့်ရှုကြပ်မတ်ဆောင်ရွက်

ဘိုကလေး စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နှင့် ဘိုကလေးမြို့နယ် နယ်စပ်၊ ဘိုကလေးမြို့အဝင်နေရာအား Green Zone အဖြစ် ဖော်ဆောင်နိုင်ရေး အဆိုပါနေရာသို့ ယမန်နေ့နေ့လယ်(၂)နာရီအချိန်၌ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုကြပ်မတ်ဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းကြပ်မတ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်ညွန့်၊ မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ) ဦးထွဏ်းသူရိန်တို့မှ ကွင်းဆင်း၍ လမ်းဘေးဝဲယာများမှ မြက်ပင်၊ ပေါင်းပင်၊ ခြုံမွယ်များအား ရှင်းလင်းစေရန် ကြပ်မတ်ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါ လမ်းပိုင်းရှိ တိုင်းဒေသကြီး ပြင်/ထိန်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပေ(၂၅၀)အရှည် မြေကာတုပ်ခြင်းလုပ်ငန်းကိုလည်း ကြည့်ရှုကြပ်မတ်ကာ လိုအပ်သည်များအား တာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)