ဖြူးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဆဌမအကြိမ် ထုတ်ချေးပေးနိုင်ရေး ကွင်းဆင်းညှိနှိုင်း

ဖြူး စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းလမ်းကူးကျေးရွာအုပ်စု၊ ရေအိုးစင်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ဆဌမအကြိမ် ချေးငွေထုတ်ချေးနိုင်ရေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာကော်မတီဝင်များ၊ အသင်းသား၊ အသင်းသူများနှင့် စက်တင်ဘာလ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါကျေးရွာဓမ္မာရုံတွင် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ​တွေ့ဆုံရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်နှင့် တာဝန်ရှိသူများ၊ မြစိမ်းရောင်စီမံကိန်းမတည်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များက ချေးငွေအောင်သူအမည်စာရင်းအား ကြေညာ၍ ဆဌမအကြိမ်ချေးငွေထုတ်ချေးပေးနိုင်ရေး တွေ့ဆုံရှင်းလင်းကြသည်။

အဆိုပါမြစိမ်းရောင်စီမံကိန်းကျေးရွာတွင် အသင်းသား (၉၂) ဦးအတွက် ငွေကျပ် (၃၂၅) သိန်း ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)