ဟင်္သာတမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်​ရေးအစီအစဉ်တွင် အကျုံးမဝင်သည့် တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကျင်းပ

ဟင်္သာတ စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဥ်ဖြင့် အကျုံးမဝင်သော တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးအစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက တောင်သူများအနေဖြင့် ပြင်ပပေါက်ဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန် သီးနှံပေါ်ပေးစနစ်ဖြင့် တောင်သူများအဆင်ပြေစေရန်နှင့် ဓာတ်မြေဩဇာများ အသုံးပြုပြီး မိုးစပါးပန်းတိုင် အထွက်နှုန်းတိုးစေရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတမြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနမှူး ဦးစောဝင်းရွှေနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်ဆွေဆွေဝင်းတို့က ဟင်္သာတမြို့နယ်အရောက် စျေးနှုန်းသက်သာစွာ သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ယူရီးယားဓာတ်မြေသြဇာ တစ်မျိုးတည်းသုံးစွဲပါက နိုက်ထရိုဂျင်လေလွင့်ဆုံးရူံးမူ ပမာဏများပြားနိုင်သဖြင့် မဖြစ်မနေသဘာဝမြေသြဇာသုံးဆနှင့် ရောစပ်အသုံးပြုရန်၊ ကွန်ပေါင်းမြေသြဇာအား မြေခံအဖြစ်အဖြစ် ထည့်သွင်းအသုံးပြုပါက ပိုမိုအကျိုးဖြစ်မည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများက ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၄)အုပ်စုတို့မှ တောင်သူများအတွက် ဖြိုးမောက်ယူရီးယားဓာတ်မြေဩဇာ(၁၅၁၈)အိတ်နှင့် ဩဘာယူရီးယားမြေဩဇာ (၂၁၅၅)အိတ်၊ ဩဘာကွန်ပေါင်းဓာတ်​မြေသြဇာ(၁၄၂၂)အိတ် စုစုပေါင်း (၅၀၉၅) အိတ်တို့ကို အသီးသီးပေးအပ်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)