နတ်မောက် စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟို ဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း(စာကြည့်တိုက်မှူး)က ကျောင်းသား/သူလူငယ်များအနေဖြင့် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ လမ်းမှားမရောက်ရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် လူငယ်နှင့် ခေါင်းဆောင်မှုအခန်းကဏ္ဍမှ ပြင်းပြသောဆန္ဒ၊ ရည်မှန်းချက်၊ ဝိရိယနှင့် ဇွဲရှိရေးအသိပညာပြည့်ဝ မှုစသည့် အကြောင်းအရာများကို ကျောင်းသား/သူ လူငယ်များအား အသိပညာဖွံ့ဖြိုးတိုးတက်နိုင်စေရန်အတွက် အသိပညာပေးဟောပြောခဲ့သည်။
လှဝင်း