ဒိုက်ဦးမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ဒိုက်ဦး စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ မိခင်ကလေးကျန်းမာရေးဌာနတိုက်နယ် ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ အပတ်စဥ် တနင်္လာနေ့တိုင်း ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့မေးခိုင်ကာ​ကွယ်ဆေးများ ထိုးနှံပေးခြင်း အိတ်ချ်အိုင်ဗီနှင့် ဆစ်ဖလစ်ရောဂါများကို သွေးဖောက်စစ်ဆေးပေးခြင်း သံချဆေးနှင့် သံဓာတ်အားဆေးများ ပေးခြင်းနှင့် အရည်အသွေးပြည့်ကိုယ်ဝန်စောင့်ရှောက်မှု ရှစ်ကြိမ်ပြည့်ဝစေရန်နှင့် ကျွမ်းကျင်သူနှင့် မွေးဖွားရန် အသိပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိကာ သက်ဆိုင်ရာတာဝန်ခံဆရာဝန်များနှင့် ကြီးကြပ်သူများကလည်း လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)