ဘိုကလေးမြို့နယ်တွင်  ပန်းခင်းစီမံချက်-၃ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်

ဘိုကလေး စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ ကျေးရွာအုပ်စုများသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယခုနှစ် ဩဂုတ်လမှစတင်၍ ယနေ့အထိ စဉ်ဆက်မပြတ်ကွင်းဆင်း၍ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များ ဆောင်ရွက်ပေးလျက်ရှိသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်၏ကြီးကြပ်မှုဖြင့် ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးများက ဘိုကလေးမြိုနယ်အတွင်းမှ ရပ်ကွက်/ ကျေးရွာ(၈၆)အုပ်စုသို့ ကွင်းဆင်း၍ (၁၆)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကဒ်ပြားမပြုလုပ်ရသေးသူများ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား ပျောက်ဆုံးသူများ၊ ပျက်စီးသူများ၊ သတ်မှတ်အသက်ပြည့်မှီကျော်လွန်သူများအား နိုင်ငံသားစိစစ်ရေးကဒ်များ ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းအဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကလည်း ကူညီပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)