ရွှေတောင် စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ထောက်ပံ့ငွေ MSMEs ထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသိန်းအောင်မှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားခဲ့မှုအ ပေါ်ယခုကဲ့သို့စက်ယက္ကန်းလုပ်ကိုင်သူများသို့ ရင်းနှီးမတည်ချေးငွေများထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးနှင့် ဒေသတွင်းထွက်ကုန်များတိုးတက်မြှင့်မားစေရေး ကြိုးပမ်းဆောင်ရွက်သွားရန်ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ထောက်ပံငွေမှ ရွှေတောင်မြို့နယ်၊ မြို့မကျေးရွာအုပ်စုရှိစက်ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူ(၃၄)ဦးနှင့် ရွှေတောင်မြို့ရိုးရာမောင်ချည်ထည်လုပ်ငန်းလုပ်ကိုင်သူ(၁)ဦး စုစုပေါင်းလုပ်ငန်းရှင်(၃၅)ဦးတို့အား ချေးငွေစုစုပေါင်း(၃၃၀၀၀၀၀၀၀ိ/-)ကျပ်သိန်း သုံးထောင့်သုံးရာတိတိအားထောက်ပံ့ ထုတ်ချေးပေးခဲ့သည်။
အခမ်းအနားသို့ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ MSMEs လုပ်ငန်းရှင်ရွှေတောင်မြို့နယ်၊ မြို့မကျေးရွာအုပ်စုရှိစက်ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူ(၃၄)ဦးနှင့် ရွှေတောင်မြို့ရိုးရာမောင်ချည်ထည်လုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)