ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ပုသိမ်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေး

ပုသိမ် စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးသည် ယမန်နေ့နေ့လည်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အုန်းတောလမ်း၊ အမှတ်(၄)ရပ်ကွက်၊ ကုန်သည်လမ်း၊ အမှတ်(၆)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၈)ရပ်ကွက်၊ စန်းကန်ကုန်းလမ်းတို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက မြေပြင်နေထိုင်မှုမရှိသည့် ခရီးလွန်သည့်လူဦးရေများ ပြန်လည်ရောက်ရှိမှု ရှိ/မရှိ ထပ်မံစစ်ဆေးခြင်း၊ ပုသိမ်မြို့နယ်တွင်း (၆၆/၆)ရှိ၍ မြေပြင်နေထိုင်မှုရှိသော်လည်းအကြောင်းအမျိုးမျိုးကြောင့် ပဉ္စမမူကြမ်းတွင် ပါဝင်မှုမရှိဘဲ ကျန်ရှိနေမှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်းနှင့်(၁၈)နှစ်အထက် နိုင်ငံသားကတ်မရှိသူများ၊ နိုင်ငံသားကတ်ရှိပြီး (၆၆/၆)မရှိသူများအား တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး  စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)