ဘားအံ စက်တင်ဘာ ၃
ဘားအံမြို့ ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ရွေးကော်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅)အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောစံယဉ်က အမှာစကားပြောကြားပြီး အဖွဲ့ခွဲအတွင်းရေးမှူးက ရွေးကောက်ပွဲအပိုင်းလိုက်ဆောင်ရွက်မည့် မြို့နယ်များပြမြေပုံ၊ ရွေးကောက်ပွဲအပိုင်းလိုက်တွင် ပါဝင်သောစက်များဖြန့်ခွဲပုံ၊ MEVM စက်များနှင့်ပတ်သက်၍ ဖွဲ့စည်းထားရှိသောအဖွဲ့များ၊ မဲဆန္ဒနယ်မြေသတ်မှတ်ကြေညာခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်ရက်ကြေညာခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြပြီး အဖွဲ့ခွဲဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)