သဲကုန်း စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့် မဲပေးခြင်းစနစ်အစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းဟောပြောပွဲနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်လုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ ဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဆောင်ရွက်လျက်ရှိပြီး အခမ်းအနားသို့ ဇလဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာအုပ်စု၊ လိန်တန်းကျေးရွာအုပ်စု၊ သဖန်းချိုကျေးရွာအုပ်စုနှင့် ရဲ့ရဲ့ကန်ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူ(၁၆၈)ဦးတက်ရောက်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် တစ်ဦးချင်းစိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ်သရုပ်ပြဆန္ဒမဲပေးခြင်းဆောင်ရွက်ကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဦးစီးအရာရှိဒေါ်သူဇာခင်နှင့် ဝန်ထမ်းများကကြီးကြပ်၍ စနစ်တ ကျ ရှင်းလင်းသရုပ်ပြသဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးယဥ်ထွေး၊ မြို့နယရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များမှ ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော မဲဆန္ဒရှင်ပြည်သူများမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းကျရာ တာဝန်ရှိသူများမှ ပြန်ရှင်းလင်းဖြေကြား ဆွေးနွေးပေးခဲ့ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)