ပခုက္ကူ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုကျမှုကြောင့် စက်တင်ဘာ ၁ရက်ကစ၍ အခြေခံပညာ စာသင်ကျောင်း နှစ်ကျောင်းကို ဘေးလွတ်ရာပြောင်းရွှေ့ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ထားရသည့် စာသင်ကျောင်းများမှာ သိမ်ကုန်း/မရိုးကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းနှင့် ခြောက်ဦးသားကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့ ဖြစ်ပြီး အဆိုပါ ကျောင်းများရှိ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)