ဟင်္သာတ စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟင်္သာတမြို့နယ်၊ ခလရ(၁၈)ရှိ ဧရာမင်းခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စန်းစန်းအေးမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် (MEVM)စက်အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဟင်္သာတမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုဦးစီးမှူး ဦးအောင်မင်းဌေးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း ရှင်းလင်းဆွေးနွေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) နည်းပြသင်တန်းတက်ရောက်ခဲ့သူများမှ လက်တွေ့စမ်းသပ်မဲပေးခြင်းတို့အား သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ခလရ(၁၈)မှ ဗိုလ်ကြီး ရဲထွဋ်ဝင်း ဦးစီး အရာရှိ/ စစ်သည်၊ ရဲမေနှင့် အရပ်သားဝန်ထမ်းများ စုစုပေါင်း ၉၀ ဦးတို့မှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)