ကဝမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များရှင်သန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကဝ စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များရှင်သန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ရစ်ကန်ဘူတာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးတွင် ရစ်ကန်ဘူတာအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စာကြည့်တိုက်များရှင်သန်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့အတွက် ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)