ဂန့်ဂေါမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ဂန့်ဂေါ စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင်ငွေကျပ်(၂၀၀၀၀/-)နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ၊ မေလနှင့် ဇွန်လများအတွက် ထောက်ပံ့ငွေ(၆၀၀၀၀/-)ကျပ် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ဂန့်ဂေါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက ယာယီနေရပ် စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူ(၅၅၃)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀/-)နှုန်းဖြင့် ဧပြီလ၊ မေလ နှင့်ဇွန်လများအတွက် ငွေကျပ်(၆၀၀၀၀/-)နှုန်းစီဖြင့် စုစုပေါင်းငွေကျပ်(၃၃၁၈၀၀၀၀/-)ကို ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝေဖြိုးအောင်၊ အတွင်းရေးမှူး ရဲမှူးမြင့်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများ တက်ရောက်ခဲ့ကြပြီး ထောက်ပံ့ငွေထုတ်ယူရန် ကျန်ရှိသူများအားလည်း နောက်ရက်များတွင် ဆက်လက်၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း