ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ အင်္ဂပူမြိုနယ်အတွင်းရှိ မြေပဲစိုက်သမအသင်းသား တောင်သူများ ဆောင်းမြေပဲစိုက်ပျိုးမှုနှင့် မြေပြုပြင်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု

အင်္ဂပူ စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းနှင့်တာဝန်ရှိသူများသည် ဩဂုတ်လ(၃၁)ရက်နေ့နေ့လယ်ပိုင်းက အင်္ဂပူမြိုနယ်အတွင်းရှိ မြေပဲစိုက်သမအသင်းသား တောင်သူများ ဆောင်းမြေပဲစိုက်ပျိုးမှုနှင့် မြေပြုပြင်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ရှေ့ဦးစွာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းသည် အုတ်ရှစ်ကုန်းကျေးရွာအုပ်စု ဘုန်းကြီးကျောင်းတွင် မြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံပြီး သမဝါယမအသင်းသစ်များ တိုးချဲ့ဖွဲ့စည်းရေး၊ ၂၀၂၅-၂၀၂၆ခုနစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း သမဝါယမမှ မြေပဲကိုသတ်မှတ်လျာထားဧက (၇)သောင်းကျော် စိုက်ပျိုးနိုင်ရေး၊ တောင်သူလိုအပ်ချက်မျိုး မြေပဲသွင်းအားစုများ ဖြည့်ဆည်းပံ့ပိုးနိုင်ရေးအတွက် ယခုလိုကွင်းဆင်း‌ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး မြိုနယ်သမဦးစီးမှူး ဒေါ်မို့မို့ခိုင်က သမအသင်းများဖွဲ့စည်းထားမှု၊ မိုးစပါးနှင့်‌ ဆောင်းမြေပဲစိုက်ပျိုးထားမှုနှင့် သွင်းအားစုများ‌ ပေးအပ်နိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့‌နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ဘုရားငုတ္တိုကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် သမအသင်းသား တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးမွေးမြူးရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် တောင်သူဦး‌မောင်မောင်၏ မြေပဲစိုက်ဧက(၃)ဧကတွင် မြေပဲစိုက်ပျိုးရန် မြေပြုပြင်ထားရှိမှုနှင့်‌ စိုက်ပျိုးထားရှိမှုအ‌ခြေအနေများကို ကြည့်ရှုအား‌ပေးခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ်‌ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ‌ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများ၊ သမအသင်းသားတောင်သူများ တက်ရောက်ခဲ့ပြီး ဆောင်းမြေပဲကို သမအသင်းသားတောင်သူ(၁၀၉)ဦးမှ မြေပဲစိုက်ဧက(၄၁၀)ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)