စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ စစ်ကိုင်းမြို့ ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်း စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည်  ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရာကြီး၏ တောင်ဘက်မုဒ်ဦးနှင့်စောင်းတန်း အသစ်ပြန်လည်တည်ဆောက်ရန်အတွက် ဖောင်ဒေရှင်းတူ၍ အောက်ခံကွန်ကရစ်လောင်းနေမှုအား   ကြည့်ရှုစစ်ဆေးပြီး  တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့်  ထိခိုက်ပျက်စီးခဲ့သည့်  ဆွမ်းဦးပုညရှင်စေတီတော်ကြီးနှင့် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်နေမှု လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များနှင့်တွေ့ဆုံ၍  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ လာရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲ ဝင်များ တည်းခိုနေထိုင်မည့်နေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)