ကံမ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်းဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ခန်းမ၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးဇော်မင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်(၂)ဦးမြင့်ရွှေက ဆန်စက်လုပ်ငန်းရှင်များအသင်းဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဆန်စက်လုပ်ငန်းရှင်များက ညှိနှိုင်းဆွေးနွေးကြပြီး ကံမမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းအား ကော်မတီဝင် (၁၃)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)