မအူပင်မြို့၌ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များ တွေ့ဆုံ‌ဆွေးနွေးပွဲကျင်းပ

မအူပင် စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူမြို့နယ်များမှ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအား ယမန်နေ့နံနက်(၈)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ စားသုံးသူရေးရာဦးစီးဌာနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါအချက်များအား ရှင်းလင်းဆွေးနွေးပြီး ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးဝင်းထွန်းမှ ခရိုင်အတွင်းရောက်ရှိလာသည့် စားအုန်းဆီများအား ဒေသခံပြည်သူများထံ ဆီစာအုပ်ဖြင့် စနစ်တကျ အလေးချိန်မှန်၊ ဈေးနှုန်းမှန်၊ ရက်ချိန်းမှန်ကန်စွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာလုပ်ငန်းများအား ထိထိရောက်ရောက်ဆောင်ရွက်နိုင်စေရေး လမ်းညွှန်မှာကြားဆွေးနွေးသည်။ ယင်းနောက် တက်ရောက်လာသည့် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များမှ သိလိုသည်များအား တင်ပြဆွေးနွေးရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်စားသုံး‌သူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ခရိုင်အတွင်းရှိဝန်ထမ်းများ၊ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ ပန်းတနော်မြို့နယ်များမှ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)