မကွေး စက်တင်ဘာ ၂
မြန်မာတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု ဓလေ့စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေ၀န် ခန်းမ၌ ကျင်းပသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးက အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မကွေး၊ မြို့သစ်၊ တောင်တွင်းနှင့် နတ်မောက်မြို့နယ်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါခန်းမ၌ ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)