လေရှီး စက်တင်ဘာ ၁
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီမှ ၁၁ နာရီမှ ၄၅ မိနစ်အထိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ယခင်ရွေးကောက်ပွဲနှင့်မတူသော (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန်ကာလများတွင် လွတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ မည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက လွတ်တော်မဲဆန္ဒနယ် သတ်မှတ်ခြင်း၊ ၂၀၂၅ ခုနှစ်တွင် ကျင့်သုံးသွားမည့် ရွေးကောက်ပွဲစနစ်များ၊ လွတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပြင်ဆင်ချက်များ၊ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရမည့် ညွှန်ကြားချက်များအား ချပြရှင်းခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် လွတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များကိုတင်ပြဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲဝင်များ၊ နိုင်ငံရေးပါတီဝင်များစုစုပေါင်း (၂၀) ဦးတက်ရောက်ခဲ့ပြီး လေရှီးမြို့နယ်၌ လက်ရှိအချိန်တွင် ယှဉ်ပြိုင်အရွေးချယ်ခံပါတီအနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ နာဂအမျိုးသားပါတီ စသည့် ပါတီ (၃) ခု ရှိကြောင်းသိရသည်။
လေရှီး (ပြန်/ဆက်)