ဇလွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး မြို့နယ်အဆင့် ဆွေးနွေးပွဲကျင်းပ

ဇလွန် စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မြို့နယ်အဆင့်ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် အ.ထ.က(၁)ဇလွန် အမျိုးသားဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မြို့နယ်အဆင့်ဆွေးနွေးပွဲ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးအုန်းကျော်ကအခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ကြီးများ၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက်သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအား အမှတ်ပေးစည်းမျဥ်းနှင့်အညီ ဖြေဆိုနိုင်ရေး လေ့ကျင့်သင်ကြားပေးရန်၊ ဂုဏ်ထူးရှင်များ ထွက်ပေါ်လာစေရန်၊ မေးခွန်းဘဏ်အတွက် ဘာသာရပ်အလိုက်ပြုစုရန်နှင့် ဘာသာရပ်ကိုးခုတို့အတွက် ဆောင်ရွက်ရန်တို့ကို အောင်ချက်မြင့်မားရေး ဆောင်ရွက်မည့်အစီအစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဝေယံ(ပြန်/ဆက်)