ကျွန်းစု စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ကို စက်တင်ဘာ ၁ ရက်မှစတင်၍ စခန်းသစ်ကျေးရွာအုပ်စု စခန်းသစ်ကျေးရွာရှိ နယ်မြေမီးသတ်စခန်း၌ ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။
ဖွင့်ပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးတင်ထွန်းနိုင်က မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်(၄)ရပ်ဖြစ်သည့် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်များကို အစဉ်ထက်မြက်ရေးလေ့ကျင့်ရေး၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်နှင့် နိုင်ငံတော်ကတည်ဆောက်ပေးလျက်ရှိသည့် ဖွံ့ဖြိုးရေးအခြေခံကောင်းတွေကို မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိအောင် မီးသတိမူရေး၊ မီးဘေးကြိုတင် ကာကွယ်ရေးများ၊ သင်တန်းမှသင်ကြားပေးသည့် သင်ခန်းစာများကို ပိုမိုကျွမ်းကျင်အောင် ဆက်လက်လေ့ကျင့်ဆောင်ရွက်ကြရန်နှင့် လိုက်နာကျင့်သုံးကြရန် ပြောကြားသည်။
သင်တန်းတွင် ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ တက်ရောက်ပြီး သင်တန်းကို စက်တင်ဘာ ၁ ရက်မှ ၂၆ ရက်အထိ သင်တန်းနည်းပြများက ဘာသာရပ်အလိုက် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
ထက်မြင့် (ကျွန်းစု)