ကဝမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကဝ စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့‌ နံနက်(၁၀)နာရီက ကဝမြို့နယ်မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းကသင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးဦးမင်းသူက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အားပြောကြားရာတွင် မီးဘေးနှင့်သဘာဝဘေးများကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန်အတွက် မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၅)ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက သင်တန်းသားများအတွက် အရန်မီးသတ်တူညီဝတ်စုံများကိုပေးအပ်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီဥက္ကဋ္ဌဦးရဲထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်သင်တန်းကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြပြီး အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို သင်တန်းသား(၅၀)ဖြင့် စက်တင်ဘာလ(၁)ရက်‌နေ့မှ (၂၉)ရက်နေ့အထိ(၂၉)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)