ပဲခူးမြို့တွင် ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး စက်တင်ဘာ

ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ်မိုးလုံလေလုံအားကစားရုံ၌ နေ့၊ နံနက်ပိုင်းက ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထိန်လင်းတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ခြင်းလုံးပြိုင်ပွဲကို မိမိတို့ ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအနေနဲ့ ပြိုင်ပွဲမှာ အားကစားစိတ်ဓာတ်အပြည့်အဝနဲ့ အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားကြဖို့ အထူးမှာကြားလို‌ကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများကိုလည်း လေးစားလိုက်နာကြပြီး၊ ဒီပြိုင်ပွဲမှတဆင့် နိုင်ငံတော်ကအားထားရမယ့် ထူးချွန်တဲ့ လက်ရွေးစင်အားကစားသမားကောင်းများ ဖြစ်လာအောင်လည်း ကြိုးစားသွားကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း၊ ယနေ့ကျင်းပပြုလုပ်တဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲဟာလည်း သာမန်အားကစားပြိုင်ပွဲ တစ်ရပ်မဟုတ်ဘဲ နိုင်ငံတကာအလယ်မှာ ခြင်းလုံးအားကစားနည်းဖြင့် ဂုဏ်ယူဝံ့ကြွားနိုင်ဖို့ အထောက်အကူဖြစ်စေမယ့် ပြိုင်ပွဲတစ်ရပ်အဖြစ် မှတ်ယူပြီး အားကြိုးမာန်တက် ယှဉ်ပြိုင်သွားကြပြီး အားကစားစွမ်းရည်ဖြင့် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် အထူးကြိုးပမ်းဆောင်ရွက်သွားကြဘို့ အလေးအနက်ထားမှာကြားလိုကြောင်း၊ ယနေ့ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရောက်ရှိလာကြတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြိုင်ပွဲဝင် အားကစားသမားများအနေနဲ့ ပြိုင်ပွဲမှာ မိမိတို့ရဲ့ အစွမ်းအစအရည်အချင်းများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြုတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်း အောင်နိုင်ရေးအတွက် အနိုင်မခံအရှုံးမပေးဘဲ ဇွဲ၊ စိတ်ဓာတ်အပြည့်နဲ့ သန့်ရှင်းစွာ ပါဝင်ယှဉ်ပြိုင်ကစားကြပါ၊ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်ရင်းနှီးစွာဖြင့် စည်းကမ်းနှင့်အညီ ပြောဆိုနေထိုင်ကြပြီး ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ဆောင်သွားကြပါ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ နိုင်ငံတော်ကအားထားရမယ့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်လာအောင်လည်း ကြိုးစားသွားကြရန်လိုကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးထိန်လင်းက မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းဟာ ခေတ်အဆက်ဆက်တန်ဖိုးထားလက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တဲ့ မြန်မာ့ရိုးရာအားကစားနည်းတစ်ခုဖြစ်တာကြောင့် မြန်မာ့ရိုးရာ အမွေအနှစ်အားကစားနည်း တစ်ရပ်အနေနဲ့လည်း အလေးနက်ထားထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်မှာဖြစ်ကြောင်း၊ ထူးချွန်သော မြန်မာ့ရိုးရာခြင်းလုံး မောင်/ မယ်သစ်လွင်များ ပေါ်ပေါက်စေရေးတို့အတွက် အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်သွားကြရန်လိုကြောင်း ပြောကြားပြီး ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ခြင်းလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် () ချက် ရွတ်ဆိုကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိူဆွေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထိန်လင်းနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။

ထို့နောက် အမှတ်()အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့က ဖျော်ဖြေတင်ဆက်ကြရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး အမျိုးသမီးအသင်းနှင့် နေပြည်တော်ကောင်စီနယ်မြေ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်

၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ခြင်းလုံးပြိုင်ပွဲကို စက်တင်ဘာလ()ရက်နေ့မှ ()ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အမျိုးသားအသင်း(၁၀)သင်းနှင့် အမျိုးသမီးအသင်း()သင်း ပါဝင်ယှဉ်ပြိုင်ကစားသွာကြမှာဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)