ဖျာပုံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ

ဖျာပုံ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဥ် (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်၌ ဖျာပုံမြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းက မီးသတ်တပ်ဖွဲ့ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ပစ္စည်များနိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းလေ့ကျင့်သင်တန်းပေးရခြင်းဖြစ်ကြောင်း ယခုမွမ်းမံသင်တန်းသို့ တက်ရောက်ကြသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းမှရရှိသော ပညာရပ်နည်းနာများအား စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြပြီး မိမိတို့ဒေသ မီးဘေးလုံခြုံရေးအပါအဝင် ရပ်ရွာအကျိုးပြုလုပ်ငန်းများ၌ အားတက်သရော ဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးငွေမင်းထိုက်က အရန်မီးသတ်တူညီဝတ်စုံများ ပေးအပ်ရာအရန် မီးသတ်ဝင်များကိုယ်စား၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးကြည်ခင်က လက်ခံရယူသည်။
အဆိုပါသင်တန်းသို့ ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များ၊ ဖျာပုံခရိုင်မီးသတ်ဦးစီးဌာနရုံးမှ ခေတ္တခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိ၊မြို့ဖများ၊ မြိုန့ယ်အတွင်းမှ သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။ အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၅)အား စက်တင်ဘာ(၁)ရက်နေ့မှစတင်၍ စက်တင်ဘာ (၂၆)ရက်နေ့အထိ ဖျာပုံမြို့နယ်မီးသတ်ဦးစီးဌာန၊ သန္ဓေတပ်ဖွဲ့ဝင်နည်းပြများမှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးတက်ရောက်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)