ဒေးဒရဲမြို့၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ

ဒေးဒရဲ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊‌ ဒေးဒရဲမြို့နယ်၊ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူအားကစားသမားများနှင့် အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်အလံအလေးပြုခြင်းနှင့် အားကစားသမားများက သစ္စာအဓိဋ္ဌာန်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းအေးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းဟောပြောခြင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးတင်မျိုးလွင်က ပြိုင်ပွဲစည်းမျဥ်း၊ စည်းကမ်းများ ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် ဘင်ခရာတပ်ဖွဲ့နှင့် အားကစားသမားများက ကျောင်းကောင်စီဥက္ကဋ္ဌအား ချီတက်အလေးပြုကြကာ ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြပြီး ကျောင်းကောင်စီဘောလုံးအသင်းများ ယှဉ်ပြိုင်ကစားနေမှုအား တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်သူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း