မြောင်းမြမြို့တွင် လျှပ်စစ်သံဂဟေဆက်နည်း သင်တန်းဖွင့်လှစ်

မြောင်းမြ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မဒေါ့ပင်စံပြကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူးဦးနေလင်းစိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို နည်းပြဆရာတစ်ဦးကစက်တင်ဘာလ (၁) ရက်နေ့မှ (၃၀) နေ့အထိ သင်တန်းသား (၂၀) ဦးတို့အား သံဂဟေဆက်နည်းပညာရပ်များ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)