ဘိုကလေးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ

ဘိုကလေး စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချိုကြည့်သာသနာ့ဗိမာန်တွင် ယနေ့ နံနက်(၉)နာရီအချိန်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၅)ဖွင့်ပွဲ ကျင်းပဆောင်ရွက်သည်။

သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်စွာဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ဘိုကလေးမြိုန့ယ်အတွင်းမှ သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်‌ရောက်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်က ယခုမွမ်းမံသင်တန်းသို့ တက်ရောက်ကြသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းမှရရှိသော ပညာရပ်နည်းနာများအား စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြပြီး မိမိတို့ဒေသ မီးဘေးလုံခြုံရေးအပါအဝင် ရပ်ရွာအကျိုးပြုလုပ်ငန်းများ၌ အားတက်သရောဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်စွာဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်သည်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၅)အား ယနေ့မှစတင်၍ စက်တင်ဘာ (၂၆)ရက်နေ့ အထိ  မြို့နယ်မီးသတ်ဦးစီးဌာန၊ သန္ဓေတပ်ဖွဲ့ဝင်များက ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)