မြိတ် စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို သဘာဝဘေးနှင့် မီးဘေးအန္တရာယ်တို့မှ အချိန်နှင့်တစ်ပြေးညီ ကာကွယ်ပေးနိုင်ရန်အတွက် မြိတ်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂ဝ၂၅)ကို ခရိုင် မီးသတ်ဦးစီးဌာနတွင် စက်တင်ဘာ၁ရက် နံနက်ပိုင်းက ဖွင့်လှစ်သည်။
သင်တန်းကို အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား သိရှိနားလည်ပြီး သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ စနစ်တကျ လုပ်ငန်းကျွမ်းကျင်စွာ ပူးပေါင်းကူညီဆောင်ရွက်နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော် က အမှာစကားပြောကြားပြီး ဒု-မီးသတ်ဦးစီးမှူးဦးအောင်စိုးမောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းတူညီဝတ်စုံများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပေးအပ်ရာ သင်တန်းသား တစ်ဦး က လက်ခံယူသည်။ အဆိုပါသင်တန်းကို သင်တန်းသား ၁၀၀ တက်ရောက်လျှက်ရှိပြီး ရက်သတ္တလေးပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )