ကျောင်းကုန်း စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကံ့ကော်မြိုင်ကိုယ်ပိုင်အထက်တန်းကျောင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာ ရည်ချွန်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က "မေဆောင်"ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ "မြန်မာ့ကျောင်းသီချင်း" သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင် က "ဘဝတစ်သက်တာ လိုက်နာစရာ" အကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသက်ဦးက ဝါသနာကိုအရင်းခံပြီး မိမိဘဝကို အောင်မြင်အောင်ကြိုးစားကြစေလိုကြောင်းပြောကြားပြီး၊ ကံ့ကော်မြိုင်ကိုယ်ပိုင်ကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဦးကံညွန့်က ဒီနှစ်မှာ(၄)ဘာသာဂုဏ်ထူရှင်(၁)ဦး၊ (၃)ဘာ သာဂုဏ်ထူးရှင်(၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ ရိုးရိုးအောင် (၅၅)ဦး၊ စုစုပေါင်း(၆၂)ဦး အောင်မြင်ပြီး၊ ရာခိုင်နှုန်း(၆၆.၆၇)% ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးသော ဆရာ/ဆရာမများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး၊ ဂုဏ်ထူးရှင်များအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ဂုဏ်ထူးရှင်များ ကိုယ်စား(၄)ဘာသာဂုဏ်ထူးရှင် မကြည်စင်သန့်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုများအား ဆက်လက်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)