ပန်းတနော်မြို့၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး ရိုးရာလက်ဝှေ့ဆပ်ကော်မတီတို့ပူးပေါင်းစီစဉ်သော မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများကျင်းပ

ပန်းတနော် စက်တင်ဘာ ၁

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး ဧရာဝတီတိုင်း ရိုးရာလက်ဝှေ့ဆပ်ကော်မတီနှင့် အားကစားကာယပညာဦးစီးဌာနတို့မှ ပူးပေါင်းစီစဥ်သော မြန်မာ့ရိုးရာလက်ဝှေ့မျိုးဆက်သစ်ပြိုင်ပွဲများကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မအူပင်ခရိုင်၊ ပန်းတနော်မြို့ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ (၄)ချီပွဲတွင် အာဖရိက (နဂါးမာန်ကလပ်) Vs စောထဲနီစေး၊ ဆာလောလှ (ရိုးရာကျားကလပ်) Vs ဆန်းမြတ်ဦး (Ray ကလပ်)၊  (၃)ချီပွဲတွင် လားက ပေါ (ရိုးရာကျားကလပ်) Vs ရှားလားလား(Bago Fight)၊ အောင်သိုက် (အဖြူရောင်သွေးသစ်) Vs ထက်မြတ် (555 Mix Sports)၊ တိုက်မောင်း (အဖြူရောင်သွေးသစ်)Vs ရဲမာန် သွေး(Ray ကလပ်)၊ ဝေယံမင်းသူ (ပဲခူးကလပ်) Vs မျိုးကြီး( 555 Mix Sports)၊ ယက္ခမင်း(ဧရာတိုက်ဂါးကလပ်) Vs စောချစ်ရအောင် (Ray ကလပ်)၊ နန္ဒမင်း (ဧရာတိုက်ဂါးကလပ်) Vs သက်ဦးခန့် (ရိုးရာကျားကလပ်)၊ ပနာအဲ (ရိုးရာကျား ကလပ်) Vs မိုက်ခဲလေး (Ray ကလပ်)တို့နှင့် မျိုးဆက်သစ် ဝိတ်တန်းတူ(ကြားပွဲ)များ ပါဝင်ယှဥ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရိုးရာလက်ဝှေ့ပြိုင်ပွဲသို့ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးကျော်ဇင်ဦး၊ တိုင်းရိုးရာ လက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ ဦးသစ္စာ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးမင်းချစ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် လက်ဝှေ့ဝါသနာရှင်များက တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)